ကိုဗစ်အလွန်ကာလ ယဉ်ကျေးမှုအမွေအနှစ်ခရီးစဉ်ဒေသများတွင် ရေရှည်တည်တံ့သော ခရီးသွား လုပ်ငန်းဖော်ဆောင်ရေး သင်တန်းဖွင့်ပွဲကျင်းပ



နေပြည်တော် ဩဂုတ် ၂၆

မဲခေါင် – လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၃) အထောက်အပံ့ဖြင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်သည့် ကိုဗစ်အလွန် ကာလ ယဉ်ကျေးမှုအမွေအနှစ် ခရီးစဉ်ဒေသများတွင် ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်း ဖော်ဆောင်ရေး သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပုဂံမြို့ရှိ ရွေနန်းတော် ဟိုတယ်၌ ကျင်းပ သည်။

သင်တန်းဖွင့်ပွဲသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များနှင့် ဒေသခံလူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ပုဂံဒေသရှိ ဟိုတယ်များမှ အထွေထွေမန်နေဂျာများနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာ၊ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူ များတက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးဦးဖြိုးဇော်စိုးက ယခုသင်တန်းသည် ဩဂုတ်လ ၂၃ ရက်က မဲခေါင်-လန်ချန်းအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့် ကျွမ်းကျင်ပညာရှင်များကို မြန်မာနိုင်ငံသို့ ဖိတ်ခေါ်၍ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေ (၂၀၂၃) ဖြင့်ကျင်းပခဲ့သည့် ကိုဗစ်အလွန်ကာလယဉ်ကျေးမှုအမွေအနှစ် ခရီးစဉ်‌ဒေသများတွင် ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်းဖော်ဆောင်ရေး ဆွေးနွေးပွဲ၏ ဆွေးနွေးချက်များက ိုအခြေခံ၍ဖွင့်လှစ်သည့် သင်တန်းဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့်  မြန်မာ့ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့တတ်နိုင်သည့်ဘက်မှ ပူးပေါင်းပါဝင်ဆောင်ရွက် ပေးကြ ရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည်  သင်တန်းဖွင့်လှစ်သင်ကြားနေမှုအခြေအနေများကို လှည့် လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။

(၅၀၀)

Source From: Myawady



Source link

Post a Comment

أحدث أقدم