ကန့်ဘလူမြို့နယ်မှ ပြည်သူ ၄ ဦးကို ဖမ်းဆီးပြီး ၃ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက သတ်ဖြတ်ခဲ့ ကြောင်း သတင်းတု၊ သတင်းအမှားများ လှုံ့ဆော်ဝါဒဖြန့်ဝေ


ကန့်ဘလူမြို့နယ်မှ ပြည်သူ ၄ ဦးကို ဖမ်းဆီးပြီး ၃ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက သတ်ဖြတ်ခဲ့ ကြောင်း သတင်းတု၊ သတင်းအမှားများ လှုံ့ဆော်ဝါဒဖြန့်ဝေ

နေပြည်တော်၊ ဩဂုတ် ၂၆

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ဦးကင်းကြည်ကျေးရွာကို ဩဂုတ် ၂၅ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဝင်ရောက်စီးနင်းပြီး ပြည်သူ ၄ ဦးကို ဖမ်းဆီးကာ ၃ ဦးကို သတ်ဖြတ်ခဲ့ ကြောင်းနှင့် ၎င်းကျေးရွာမှ နေအိမ် ၅ လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း သတင်းတု၊ သတင်း အမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လှုံ့ဆော်ဝါဒဖြန့်ဝေနေသည်ကို တွေ့ ရှိရသည်။

          ဖြစ်စဉ်အမှန်မှာ ဩဂုတ် ၂၅ ရက်နေ့က ကန့်ဘလူမြို့နယ်၊ ချပ်သင်းကျေးရွာ၏ အရှေ့တောင် ဘက် မီတာ ၃၀၀၀ ခန့်တွင် နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင် များကို PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်လက်နက်ကြီးများ၊ လက်နက်ငယ် များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များကလည်း ပြန်လည် တိုက်ခိုက်ခဲ့ရာ PDF အမည်ခံအကြမ်းဖက်သမားများ တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ ပါသည်။ ထို့နောက် လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များက ဆုတ်ခွာထွက်ပြေးသွားသည့် PDF အမည်ခံ အကြမ်းဖက်သမားများအား လိုက်လံရှင်းလင်းခဲ့ရာ PDF အမည်ခံအကြမ်းဖက်သမား အလောင်း ၃ လောင်း၊ လက်လုပ်စိန်ပြောင်း ၁ လက်၊ လက်လုပ်တစ်တောင့်ထိုး ၂ လက်နှင့် လက်လုပ်စိန်ပြောင်း ဗုံးသီး ၅ လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

ထိုသို့ တရားမဝင်ပြည်ဖျက်မီဒီယာများက လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ နယ်မြေလုံခြုံရေး ဆောင်ရွက်မှုအား ပြည်သူများအထင်အမြင်လွဲမှားစေရန် ယခုကဲ့သို့ မဟုတ်မမှန်  လုပ်ကြံရေးသားပြီး လူမှုကွန်ရက်များတွင် လှုံ့ဆော်ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။



Source link

Post a Comment

أحدث أقدم