စစ်ရေးဆိုင်ရာတာဝန်ရှိသူများကလည်း ပူးပေါင်းဆောင်ရွက်မှု အားကောင်းဖို့လိုပါသည် - MyanmarNationalPost


တိုင်းပြည်တွင်းမှာ မဲလိမ်မဲခိုးမှုတွေကြောင့် အာဏာလက်မဲ့ဖြစ်သွားတဲ့ NLD ပါတီကနေ NUG, CRPH, PDF အကြမ်းဖက်အဖွဲ့တွေ ပေါ်ပေါက်လာပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ကလည်း အဆိုပါ အဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်လာခဲ့ကြပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ အကြမ်းဖက်အဖွဲ့အစည်းများက အပြစ်မဲ့ရဟန်းရှင်လူပြည်သူများကို ရက်စက်စွာ သတ်ဖြတ်မှုတွေ ဆိုးရွားစွာ ကျူးလွန်လာခဲ့ကြတယ်။ အစိုးရအနေနဲ့ အကြမ်းဖက်နှိမ်နင်းရေးဆိုတဲ့ ခေါင်းစဉ်တစ်ခု တိုးလာသလို အကြမ်းဖက်ဘေးအန္တရာယ်တွေကို ကာကွယ်တားဆီးနိုင်ဖို့ ပြည်သူလူထု ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းပြောဆိုမှုတွေလည်း ရှိလာပါတယ်။

နိုင်ငံတော်အကြီးအကဲများရဲ့ လမ်းညွှန်မှုနဲ့အတူ နီပိန်း ပဒက် ပြည်ဖျက်မိစ္ဆာ အကြမ်းဖက်ဝါဒီတွေရဲ့ လုပ်ရပ်တွေကို လက်မခံနိုင်တဲ့ ပြည်သူများက အကြမ်းဖက်နှိမ်နင်းရေး၊ အကြမ်းဖက်ဘေးအန္တရာယ် ကာကွယ်ရေးမှာ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအနေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။ အထူးအားဖြင့် အကြမ်းဖက်လှုပ်ရှားမှု အားကောင်းနေတဲ့ စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းဒေသကြီးတို့မှာ နီပိန်း ပဒက် ပြည်ဖျက်မိစ္ဆာတွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို သည်းမခံနိုင်တဲ့ ပြည်သူများက ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအနေနဲ့ ကာလရှည်ကြာ ရပ်တည်ဆောင်ရွက်နေကြတာ အားလုံးအသိပင် ဖြစ်ပါတယ်။

နီပိန်း ပဒက် ပြည်ဖျက်မိစ္ဆာတွေဟာ KIA, KNU ထံက လက်နက်ခဲယမ်းများ ရရှိသလို နယ်စပ်ကနေ တရားမဝင် တင်သွင်းမှုတွေလည်း ရှိနေပြီး လက်နက်အကောင်းစားများ ကိုင်ဆောင်ကာ အကြမ်းဖက်လုပ်ရပ်တွေကို ပျော်ပျော်ကြီး ကျူးလွန်နေကြတာ ဖြစ်ပါတယ်။

အကြမ်းဖက်ဘေးအန္တရာယ်ကို ခုခံကာကွယ်နေကြတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေမှာတော့ လက်နက်တင်ပြတောင်းခံလို့လည်း မရ၊ ပြည်သူ့စစ်ကျေးရွာတွေမှာ စားနပ်ရိက္ခာ ပြတ်လပ်မှုတွေ ဖြစ်ပေါ်နေခြင်းကြောင့် တင်ပြကြသော်လည်း အရေးတယူ ဆောင်ရွက်ပေးမယ့်သူ မရှိတဲ့ အဖြစ်မျိုးတွေ ကြုံတွေ့ခဲ့ကြရပါတယ်။ ပြည်သူ့စစ်ဖွဲ့စည်းထားပြီး လက်နက်ခဲယမ်းမရခင်မှာ နီပိန်း ပဒက် ပြည်ဖျက်မိစ္ဆာတွေက ဝင်တိုက်လို့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ ဆုံးရှုံးခဲ့ရတဲ့ အဖြစ်မျိုးတွေလည်း ရှိခဲ့ပါတယ်။

ဒီလို ဖြစ်ရပ်တွေကတော့ တပ်မတော် ဦးဆောင်တဲ့ နစကအစိုးရရဲ့ ယန္တရားမှာ အကြမ်းဖက်နှိမ်နင်းရေးနဲ့ ပတ်သက်လာရင် တာဝန်ယူမှု၊ တာဝန်ခံမှု ကင်းမဲ့နေတာကို အထင်အရှား ပြသနေတဲ့ သဘောပဲ ဖြစ်ပါတယ်။ အခု ရက်ပိုင်းအတွင်းမှာဆိုရင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ကျေးရွာတိုင်း၊ ရပ်ကွက်တိုင်း၊ လမ်းတိုင်းမှာ ပြည်သူ့လုံခြုံရေးဆောင်ရွက်ကြဖို့အထိ လမ်းညွှန်မှာကြားမှုတွေ ပြုလုပ်လာခဲ့ပါတယ်။

NLD အစွန်းရောက်တွေ အကြမ်းဖက်သမားအသွင်ပြောင်းလာတဲ့ နီပိန်း ပဒက် ပြည်ဖျက်မိစ္ဆာတွေနဲ့ KIA, KNU, KNLA ထဲက အကြမ်းဖက်သမားတွေရဲ့ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း (၄၀၀၀)ကျော် လောက် သေဆုံးခဲ့ရပြီး ဖြစ်ချိန်ကတည်းက ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြည်သူပူးပေါင်းပါဝင်တဲ့ ပြည်သူ့လုံခြုံရေးစနစ်ကို ဖော်ဆောင်ဖို့ အသိပေးပြောကြားခဲ့သော်လည်း အကြမ်းဖက်မှုတွေ ဆိုးရွားစွာ ဖြစ်ပေါ်နေတဲ့ တိုင်းဒေသကြီး/ ပြည်နယ်တွေမှာ စစ်ရေးဆိုင်ရာ တာဝန်ရှိသူတွေဟာ ပြည်သူတွေကို အကြမ်းဖက်နှိမ်နင်းရေးမှာ ပူးပေါင်းပါဝင်လာအောင် စည်းရုံးဆောင်ရွက်မှု အားနည်းခဲ့ပါတယ်။ အကြမ်းဖက်အဖွဲ့များက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ စဉ်ဆက်မပြတ် ကျူးလွန်နေပြီး ကာကွယ်ရေးအပိုင်းမှာ အင်မတန် အားနည်းခဲ့ပါတယ်။

အနှစ်ချုပ် ပြောလိုရင်းကတော့ နိုင်ငံတော်အကြီးအကဲများရဲ့ လမ်းညွှန်ချက်နဲ့အညီ ပြည်သူများက ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိပါတယ်။ ကူညီပံ့ပိုးမှုအပိုင်းမှာ ပြည့်စုံလုံလောက်စွာ ကူညီပံ့ပိုးခြင်း မရှိတဲ့ အခြေအနေမှာတောင် နီပိန်း ပဒက် ပြည်ဖျက်မိစ္ဆာတွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို လက်မခံနိုင်တဲ့ ပြည်သူတွေမှာ အရဲစွန့်ပြီး ပူးပေါင်းဆောင်ရွက်ခဲ့တယ်ဆိုရင် နိုင်ငံတော်အပိုင်းက ကူညီပံ့ပိုးမှုကို ပြည့်စုံလုံလောက်စွာ ဆောင်ရွက်ပေးမယ်ဆိုရင် ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုအပိုင်းမှာ အတိုင်းထက်အလွန် အားကောင်းလာမယ်ဆိုတာ ယုံမှား သံသယဖြစ်ဖွယ်ရာ မရှိပါဘူး။

နိုင်ငံတော်အကြီးအကဲများအနေနဲ့ အကြမ်းဖက်လှုပ်ရှားမှုကို အမြစ်ဖြတ်လိုတယ်၊ အကြမ်းဖက်လုပ်ရပ်တွေ ချုပ်ငြိမ်းစေလိုတယ်ဆိုရင်ဖြင့် ပြည်သူများကိုသာ ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းနေရုံမျှနဲ့ မလုံလောက်ပါဘူး။ စစ်ရေးစစ်ရာ စီမံဆောင်ရွက်ခွင့် ရှိသူတွေအနေနဲ့ အကြမ်းဖက်နှိမ်နင်းရေးမှာ ပူးပေါင်းဆောင်ရွက်နေတဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်ကို အချိန်နဲ့တပြေးညီ ဖြည့်တင်း ဆောင်ရွက်ပေးမှုအပိုင်းမှာလည်း လစ်ဟင်းမှုမဖြစ်ရလေအောင် ကြပ်မက်ဆောင်ရွက်ပေးဖို့ အထူးလိုအပ်ပါတယ်။

အကြမ်းဖက်သမားများရဲ့ စီးနင်းတိုက်ခိုက်မှုတွေကို ခုခံကာကွယ်နေကြတဲ့ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက အချိန်နဲ့တပြေးညီ စစ်ကူ/ ပစ်ကူ တောင်းခံလာတဲ့ အခါမျိုးမှာလည်း စစ်ရေးစစ်ရာ စီမံဆောင်ရွက်သူများက မသိကျိုးကျွန်ပြုထားတာမျိုးတွေ မလုပ်ကြဖို့ အနူးအညွတ် မေတ္တာရပ်ခံလိုပါတယ်။ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များဆိုတာ သွေးမကြောင်လို့ အကြမ်းဖက်သမားတွေရဲ့ ရန်ပြုစော်ကားမှုတွေကို ခုခံတွန်းလှန် ကာကွယ်နေကြခြင်း ဖြစ်ပါတယ်။ အကြမ်းဖက်သမားများဘက်က သာလွန်အင်အားနဲ့ လာတိုက်ခိုက်ချိန်မှာ စစ်ကူ/ ပစ်ကူ တောင်းခံလာသည်နှင့် တပြိုင်နက် အချိန်နဲ့တပြေးညီ ဆောင်ရွက်ပေးရမယ့် တာဝန်ရှိပါတယ်။ မသိကျိုးကျွန်ပြုထားခြင်းဟာဖြင့် တာဝန်မဲ့ လုပ်ရပ်ဖြစ်ပါတယ်။ တာဝန်ယူမှု၊ တာဝန်ခံမှု ကင်းမဲ့သော လုပ်ရပ်ဟု ရှုမြင်မိပါတယ်။

အယ်ဒီတာ့အာဘော်

Join – https://t.me/MyanmarNationalPost





Source link

Post a Comment

أحدث أقدم