တရားရုံးများတွင် စာချုပ်စာတမ်း သက်သေခံတင်ပြခြင်းနှင့် ပတ်သတ်ပြီး ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါသည်။ - iMyanmarHouse.com


[Unicode]

 

တရားရုံးများရှိ အမှုကိစ္စများတွင် စာတမ်းအမှတ်အသား သက်သေခံချက်ရှိပါက သဘောတူ စည်းကမ်း ချက်များကို နှုတ်သက်သေခံချက်ဖြင့် တင်ပြခြင်းကို ပယ်မည်ဖြစ်ပါသည်။

တရားရုံးရှိ တရားမမှုများတွင် တရားလို၊ တရားပြိုင်သည် မိမိတင်ပြရမည့် ပဋိဉာဉ်၊ ဂရန် ၊ စာချုပ် စာတမ်းများအား ရေးသားချုပ်ဆိုပြီးဖြစ်လျှင် အဆိုပါ စာချုပ်စာတမ်းအား ထင်ရှားစွာ သက်သေပြရန် လိုပါသည်။ မူရင်းစာချုပ်စာတမ်း (သို့) မူရင်းမှ တဆင့်မိတ္တူကို တရားရုံးသို့ သက်သေခံ တင်ပြနိုင်ရမည်ဖြစ်ပါသည်။

မူလသက်သေခံချက် တင်ပြပါက သက်သေခံပုဒ်မ-၆၂အရ တရားရုံးမှ စစ်ဆေးရန် တင်ပြရမည် ဖြစ်ပါသည်။ စာတမ်းအမှတ်အသားကို တဆင့်သက်သေခံအထောက်အထား တင်ပြလိုပါက ပုဒ်မ-၆၅ အရ တင်ပြရမည်ဖြစ်ပါသည်။ စာတမ်းအမှတ်အသားပါ ဝန်ခံချက်ကိုလဲ ပုဒ်မ-၆၅ (ခ) နှင့် ညီညွှတ်လျှင် သက်သေခံ တင်ပြခွင့် ရှိပါသည်။

စာတမ်းအမှတ်အသားတစ်ခုကို လက်မှတ်ရေးထိုးကြောင်း၊ စာချုပ်တစ်စောင်လုံးကို ဖြစ်စေ၊ အချက် အလက်အစိတ်အပိုင်းကိုဖြစ်စေ ရေးသားကြောင်း ဖော်ပြလိုလျှင် အမှန်တကယ် လက်ရေး၊ လက်မှတ်ကိုရေး သားကြောင်း ထင်ရှားစွာ သက်သေပြရမည် ဖြစ်ပါသည်။

ထို့သို့ တင်ပြလိုပါက လက်မှတ်ထိုးသူကို သက်သေအဖြစ် စစ်ဆေးခြင်း၊ လက်မှတ်ရေးထိုးသည်ကို မြင်တွေ့သူအား စစ်ဆေးခြင်း၊ လက်ရေးပါရဂူကို စစ်ဆေးခြင်း၊ လက်ရေးလက်မှတ်ကို သိရှိသူအား သက်သေအဖြစ်စစ်ဆေးခြင်း၊ အငြင်းပွှားသည် လက်ရေးလက်မှတ်ဖြစ်နေက တရားရုံးမှ တိုက်ဆိုင်စစ်ဆေးခြင်း၊ လက်မှတ်ရေးထိုးသူက ဝန်ခံသည့်အချက်ကို သက်သေထူခြင်း၊ စာချုပ်အား ရေးသားကြောင်း ထင်ရှားအောင် သက်သေပြသစေခြင်းတို့ဖြင့် တရားရုံးသို့ တင်ပြခွင့်ရှိပါသည်။

ပဋိဉာဉ်၊ ဂရန်၊ စာတမ်းအမှတ်အသားများဆိုရာ၌ ၎င်းနှင့်သက်ဆိုင်သည့် စာရွက်စာတမ်းများ အားလုံးကို ဆိုလိုခြင်းဖြစ်ပါသည်။ သက်သေခံတင်ရာတွင်လဲ ယင်းစာရွက်စာတမ်းများနှင့် သက်ဆိုင်သည်များအား ပြည့်စုံစွာ တင်ပြခွင့်ရှိပါသည်။ သက်သေခံ စာတမ်းအမှတ်အသားများမှာ အင်္ဂါရပ်များနှင့် ပြည့်စုံမှုရှိမရှိ စစ်ဆေးပြီးမှသာ တရားရုံးမှလဲ သက်သေခံအဖြစ် လက်ခံသွားမည်ဖြစ်ပါသည်။

နှုတ်သက်သေခံချက် တင်ပြလိုပါက စာချုပ်စာတမ်း အမှတ်အသားများပါ အချက်အလက်များ၊ အကြောင်းအရာများကို တင်ပြခြင်းကိုတော့ ပိတ်ပင်ထားခြင်း မရှိပါ။ ပဋိဉာဉ်စာချုပ်ချုပ်ဆို၍ ဆောင်ရွက်ရသော ကိစ္စရပ်များမှာ ဥပဒေပြဌာန်းချက်များအတိုင်း ပဋိဉာဉ်ဆောင်ရွက်မှ တရားဝင်မည်ဖြစ်ပါသည်။ ထို့သို့ သက်သေ ခံတင်သွင်းသူသည် ငွေကြေးကိစ္စရပ်များ ၊ ငွေပေး ငွေယူကိစ္စရပ်များအား ပဋိဉာဉ်တွင် ထည့်သွင်းချုပ်ဆိုပါက မှတ်တမ်းတင်ကာ ထင်ရှားစွာတင်ပြရမည်။ လက်ရေး၊ လက်မှတ်၊ စာချုပ်ချုပ်ဆိုသော နေ့တို့အားလဲ နှုတ်သက် သေဖြင့်လဲ ထင်ရှားအောင်ပြသရန် လိုပါသည်။

သို့သော် ပဋိဉာဉ်ပါ စည်းကမ်းချက်များကို ရေးသား စာချုပ်ချုပ်ဆိုပြီးဖြစ်ပါက စည်းကမ်းချက်များ ထပ်မံ ပြောဆိုသည့် နှုတ်သက်သေခံချက်ကို တရားရုံးမှ လက်ခံမည်မဟုတ်ပါ။ မူရင်းစာချုပ်စာတမ်းများ ပျောက်ဆုံးနေပါကလဲ အကြောင်းအရာများ တင်ပြနိုင်ရန် တစ်ဆင့်သက်သေခံချက် မူရင်းမိတ္တူမှန်အား တင်ပြခွင့်ရှိပါသည်။

ချုပ်ဆိုမှုပြုခဲ့သော ပဋိဉာဉ်မှာ ဟန်ဆောင်စာချုပ်ဖြစ်နေလျှင် ပဋိညာဉ်မမြောက်ကာ စာချုပ်မှာအကျိုး သက်ရောက်မှုမရှိကြောင်း နှုတ်သက်သေတင်ပြခွင့်ရှိပါသည်။ လက်ရေး၊ လက်ဗွေ တူမတူ အထူးကျွမ်းကျင်သူတို့၏ စစ်ဆေးချက်များသည် သက်သေခံဥပဒေပုဒ်မ-၄၅ အရ သက်သေခံဝင်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

[Zawgyi]

တရား႐ုံးမ်ားတြင္ စာခ်ဳပ္စာတမ္း သက္ေသခံတင္ျပျခင္းႏွင့္ ပတ္သတ္ၿပီး ဥပေဒဗဟုသုတအေနျဖင့္ ေရးသား ေဖာ္ျပလိုက္ပါသည္။

 

တရား႐ုံးမ်ား႐ွိ အမႈကိစၥမ်ားတြင္ စာတမ္းအမွတ္အသား သက္ေသခံခ်က္႐ွိပါက သေဘာတူ စည္းကမ္း ခ်က္မ်ားကို ႏႈတ္သက္ေသခံခ်က္ျဖင့္ တင္ျပျခင္းကို ပယ္မည္ျဖစ္ပါသည္။

တရား႐ုံး႐ွိ တရားမမႈမ်ားတြင္ တရားလို၊ တရားၿပိဳင္သည္ မိမိတင္ျပရမည့္ ပဋိဉာဥ္၊ ဂရန္ ၊ စာခ်ဳပ္ စာတမ္းမ်ားအား ေရးသားခ်ဳပ္ဆိုၿပီးျဖစ္လွ်င္ အဆိုပါ စာခ်ဳပ္စာတမ္းအား ထင္႐ွားစြာ သက္ေသျပရန္ လိုပါသည္။ မူရင္းစာခ်ဳပ္စာတမ္း (သို႔) မူရင္းမွ တဆင့္မိတၱဴကို တရား႐ုံးသို႔ သက္ေသခံ တင္ျပႏိုင္ရမည္ျဖစ္ပါသည္။

မူလသက္ေသခံခ်က္ တင္ျပပါက သက္ေသခံပုဒ္မ-၆၂အရ တရား႐ုံးမွ စစ္ေဆးရန္ တင္ျပရမည္ ျဖစ္ပါသည္။ စာတမ္းအမွတ္အသားကို တဆင့္သက္ေသခံအေထာက္အထား တင္ျပလိုပါက ပုဒ္မ-၆၅ အရ တင္ျပရမည္ျဖစ္ပါသည္။ စာတမ္းအမွတ္အသားပါ ဝန္ခံခ်က္ကိုလဲ ပုဒ္မ-၆၅ (ခ) ႏွင့္ ညီၫႊတ္လွ်င္ သက္ေသခံ တင္ျပခြင့္ ႐ွိပါသည္။

စာတမ္းအမွတ္အသားတစ္ခုကို လက္မွတ္ေရးထိုးေၾကာင္း၊ စာခ်ဳပ္တစ္ေစာင္လုံးကို ျဖစ္ေစ၊ အခ်က္ အလက္အစိတ္အပို္ငးကိုျဖစ္ေစ ေရးသားေၾကာင္း ေဖာ္ျပလိုလွ်င္ အမွန္တကယ္ လက္ေရး၊ လက္မွတ္ကိုေရး သားေၾကာင္း ထင္႐ွားစြာ သက္ေသျပရမည္ ျဖစ္ပါသည္။

ထို႔သို႔ တင္ျပလိုပါက လက္မွတ္ထိုးသူကို သက္ေသ အျဖစ္ စစ္ေဆးျခင္း၊ လက္မွတ္ေရးထိုးသည္ကို ျမင္ေတြ႕သူအား စစ္ေဆးျခင္း၊ လက္ေရးပါရဂူကို စစ္ေဆးျခင္း၊ လက္ေရးလက္မွတ္ကို သိ႐ွိသူအား သက္ေသအျဖစ္စစ္ေဆးျခင္း၊ အျငင္းပႊားသည္ လက္ေရးလက္မွတ္ျဖစ္ေနက တရား႐ုံးမွ တိုက္ဆိုင္စစ္ေဆးျခင္း၊ လက္မွတ္ေရးထိုးသူက ဝန္ခံသည့္အခ်က္ကို သက္ေသထူျခင္း၊ စာခ်ဳပ္အား ေရးသားေၾကာင္း ထင္႐ွားေအာင္ သက္ေသျပသေစျခင္းတို႔ျဖင့္ တရား႐ုံးသို႔ တင္ျပခြင့္႐ွိပါသည္။

ပဋိဉာဥ္၊ ဂရန္၊ စာတမ္းအမွတ္အသားမ်ားဆိုရာ၌ ၎ႏွင့္သက္ဆိုင္သည့္ စာ႐ြက္စာတမ္းမ်ား အားလုံးကို ဆိုလိုျခင္းျဖစ္ပါသည္။ သက္ေသခံတင္ရာတြင္လဲ ယင္းစာ႐ြက္စာတမ္းမ်ားႏွင့္ သက္ဆိုင္သည္မ်ားအား ျပည့္စုံစြာ တင္ျပခြင့္႐ွိပါသည္။ သက္ေသခံ စာတမ္းအမွတ္အသားမ်ားမွာ အဂရပ္မ်ားႏွင့္ ျပည့္စုံမႈ႐ွိမ႐ွိ စစ္ေဆးၿပီးမွသာ တရား႐ုံးမွလဲ သက္ေသခံအျဖစ္ လက္ခံသြားမည္ျဖစ္ပါသည္။

ႏႈတ္သက္ေသခံခ်က္ တင္ျပလိုပါက စာခ်ဳပ္စာတမ္း အမွတ္အသားမ်ားပါ အခ်က္အလက္မ်ား၊ အေၾကာင္းအရာမ်ားကို တင္ျပျခင္းကိုေတာ့ ပိတ္ပင္ထားျခင္း မ႐ွိပါ။ ပဋိဉာဥ္စာခ်ဳပ္ခ်ဳပ္ဆို၍ ေဆာင္႐ြက္ရေသာ ကိစၥရပ္မ်ားမွာ ဥပေဒျပဌာန္းခ်က္မ်ားအတိုင္း ပဋိဉာဥ္ေဆာင္႐ြက္မွ တရားဝင္မည္ျဖစ္ပါသည္။ ထို႔သို႔ သက္ေသ ခံတင္သြင္းသူသည္ ေငြေၾကးကိစၥရပ္မ်ား ၊ ေငြေပး ေငြယူကိစၥရပ္မ်ားအား ပဋိဉာဥ္တြင္ ထည့္သြင္း ခ်ဳပ္ဆိုပါက မွတ္တမ္းတင္ကာ ထင္႐ွားစြာ တင္ျပရမည္။ လက္ေရး၊ လက္မွတ္၊ စာခ်ဳပ္ခ်ဳပ္ဆိုေသာ ေန႔တို႔အားလဲ ႏႈတ္သက္ ေသျဖင့္လဲ ထင္႐ွားေအာင္ျပသရန္ လိုပါသည္။

သို႔ေသာ္ ပဋိဉာဥ္ပါ စည္းကမ္းခ်က္မ်ားကို ေရးသား စာခ်ဳပ္ခ်ဳပ္ဆိုၿပီးျဖစ္ပါက စည္းကမ္းခ်က္မ်ား ထပ္မံ ေျပာဆိုသည့္ ႏႈတ္သက္ေသခံခ်က္ကို တရား႐ုံးမွ လက္ခံမည္ မဟုတ္ပါ။ မူရင္းစာခ်ဳပ္စာတမ္းမ်ား ေပ်ာက္ဆုံးေန ပါကလဲ အေၾကာင္းအရာမ်ား တင္ျပႏိုင္ရန္ တစ္ဆင့္သက္ေသခံခ်က္ မူရင္းမိတၱဴမွန္အား တင္ျပ ခြင့္႐ွိပါသည္။

ခ်ဳပ္ဆိုမႈျပဳခဲ့ေသာ ပဋိဉာဥ္မွာ ဟန္ေဆာင္စာခ်ဳပ္ျဖစ္ေနလွ်င္ ပဋိညာဥ္မေျမာက္ကာ စာခ်ဳပ္မွာအက်ိဳး သက္ေရာက္မႈ မ႐ွိေၾကာင္း ႏႈတ္သက္ေသတင္ျပခြင့္႐ွိပါသည္။ လက္ေရး၊ လက္ေဗြ တူမတူ အထူးကြၽမ္းက်င္သူ တို႔၏ စစ္ေဆးခ်က္မ်ားသည္ သက္ေသခံဥပေဒပုဒ္မ-၄၅ အရ သက္ေသခံဝင္ေၾကာင္း ဥပေဒဗဟုသုတအေနျဖင့္ ေရးသားေဖာ္ျပလိုက္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 



Source link

Post a Comment

Previous Post Next Post