လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ စည်ပင်ကြီး ကျေးရွာအုပ်စု၊ စည်ပင်ကြီးကျေးရွာတွင် (၂၃-၈-၂၀၂၄) ရက်နေ့ (၁၈:၀၀)အချိန်တွင် ဖြစ်ပွားခဲ့သော ရေဘေးကြောင့် ဘေးသင့်ခဲ့ သော အိမ်ထောင်စု (၄၅)စုမှ ရွှေ့ပြောင်းခဲ့သော ဘေးသင့်လူဦးရေ (၁၆၇) ဦးတို့အတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းအား (၂၇-၈-၂၀၂၄)ရက်နေ့၊ ညနေ (၁၅:၀၀) အချိန်တွင် ဇေယျာသီရိမြို့နယ်၊ စည်ပင်ကြီးကျေးရွာအုပ်စု၊ စည်ပင်ကြီးကျေးရွာတွင် ဆောင်ရွက်ခဲ့ရာ နေပြည်တော်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ ဦးဟန်သူ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူး ဦးစဝီလီဖရန့်၊ ဇေယျာသီရိ မြို့နယ်အုပ်ချုပ်ရေး ဦးစီးဌာနမှတာဝန်ရှိသူများ ပူးပေါင်း၍ ဘေးသင့်လူဦးရေ (၁၆၇) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ (၃၅၀,၇၀၀/-) ကို ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fld
#npw_aug_2024
Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)
Post a Comment