Product အသစ်တွေ မိတ်ဆက်မယ့် Event နာမည်နဲ့အချိန်ကို တရားဝင်ကြေညာလိုက်တဲ့ Apple


Apple က သူတို့ရဲ့ Product အသစ်မိတ်ဆက်ပွဲကို “It’s Glow Time” ဆိုတဲ့ နာမည်နဲ့ မိတ်ဆက်လိုက်ပါတယ်။ Event ချိန်ကိုတော့ အားလုံးခန့်မှန်းထားတာထက် တစ်ရက်စောပြီး စက်တင်ဘာ 9 ရက်နေ့ မြန်မာစံတော်ချိန် 

ည 11:30 မှာ ကျင်းပသွားမှာပါ။ 

Apple က ဒီ Event မှာ Siri UI အသစ်ကိုပါ မိတ်ဆက်ပေးမှာဖြစ်ပြီး မိတ်ဆက်မယ့် iPhone 16 Model တွေမှာ တစ်ခါတည်း သုံးလို့ရအောင်လုပ်သွားမှာလို့သိရပါတယ်။ ဒါကြောင့် Siri UI အသစ်က iPhone 16 Model တွေရဲ့ Key Selling Point ဖြစ်လာမှာပါ။ 

ဒီ Event မှာ iPhone 16 Models တွေအပြင် AirPods, Apple Watch Series 10 နဲ့ တခြား Product တွေကိုပါ တစ်ပါတည်းမိတ်ဆက်သွားမှာပါ။ ဒါတွေအပြင် iOS 18, iPadOS 18, macOS Sequoia, watchOS 11 နဲ့ OS တွေရဲ့ Release Date ကိုပါ ဒီ Event မှာ ကြေညာသွားမှာလို့ သိရပါတယ်။ 



Source link

Post a Comment

Previous Post Next Post