မိုင်းတုံမြို့နယ်ရှိ မိုင်းတုံ-မိုင်းဆတ်သွားလမ်း၊ (၁၆) မိုင်ကျေးရွာအနီး ကတ္တရာခင်းခြင်းလုပ်ငန်း‌ ဆောင်ရွက်နေမှုအ‌ခြေအနေအား ကွင်းဆင်းစစ်‌‌ဆေး


 

မိုင်းတုံ ၊ စက်တင်ဘာ ၅

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မြို့နယ်လမ်းဦးစီးဌာနမှ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်၊ ပြည်နယ်ရန်ပုံငွေ (၃၂.၃၆) သန်းဖြင့် မိုင်းတုံ-မိုင်းဆတ်သွားလမ်း၊ (၁၆)မိုင်ကျေးရွာအနီးရှိ လမ်းအရှည် ၃၃၀ ပေ၊ လမ်းအကျယ် (၁၈) ပေ လမ်းထု (၁၂) လက္မ ကတ္တရာခင်းခြင်းလုပ်ငန်း စတင်ဆောင်ရွက်‌နေမှုအခြေအနေကို မြို့နယ်လမ်ဦးစီးဌာနနှင့် မြို့နယ်လမ်းအရည်အသွေးစစ်ဆေးရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ပြီးစီးမှုအ‌ခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ မိုင်းတုံ-မိုင်းဆတ် သွားလမ်း၊ (၁၆)မိုင်ကျေးရွာအနီးရှိ ကတ္တရာခင်းခြင်းလုပ်ငန်း စတင်ဆောင်ရွက်‌မှုအား စစ်‌‌ဆေးခဲ့ရာ မိုင်းတုံမြို့နယ် လမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးရဲအောင်နိုင်နှင့် တာဝန်ရှိသူက လုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ယင်းကတ္တရာခင်းခြင်းလုပ်ငန်းပြီးစီးမှုမှာ ၅၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးနေကြောင်း သိရှိရသည်။

ဝင်းဝင်းခိုင်

https://t.me/MyanmarNationalPost





Source link

Post a Comment

Previous Post Next Post