အမေရိကန်သတင်းစာ ညနေခင်း ခေါင်းစီးများ စက်တင်ဘာ ၂၇၊ ၂၀၂၄


အမေရိကန်သတင်းစာ ညနေခင်း ခေါင်းစီးများ စက်တင်ဘာ ၂၇၊ ၂၀၂၄

နိုင်ငံတကာသာဂိ (မိုးမခ) စက်တင်ဘာ ၂၈၊ ၂၉၀၂၄

အစ္စရေးသည် ဘေရွတ်မြို့အနီးတွင် ဟစ်ဇ်ဘိုလာခေါင်းဆောင်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။

ထို့အပြင် ဟာရီကိန်း ဟယ်လင်သည် အရှေ့တောင် ပိုင်းရှိ နေရာအများအပြားကို ဖျက်ဆီးခဲ့သည်။ ဒါကတော့ သောကြာနေ့ရဲ့နောက်ဆုံးသတင်းခေါင်းစဉ်တွေပါ။

စက်တင်ဘာ ၂၇၊ ၂၀၂၄၊ ညနေ ၅း၁၆ နာရီ ET

လက်ဘနွန်မြို့တော် ဘေရွတ်မြို့အပြင်ဘက်ရှိ လူနေအဆောက်အအုံအများအပြားကို အစ္စရေးစစ်တပ်က ယနေ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း – အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့ကြား ပဋိပက္ခများ ပြီးခဲ့သော အောက်တိုဘာလမှ စတင်ကာ ယင်းဒေသတွင် တိုက်ခိုက်မှုများသည် အပြင်းထန်ဆုံးဖြစ်ပုံရသည်။

တိုက်ခိုက်မှု၏ ပစ်မှတ်မှာ ၁၉၉၂ ခုနှစ်ကတည်းက ဟစ်ဇ်ဘိုလာကို ဦးဆောင်ခဲ့သည့် ဘာသာရေးခေါင်းဆောင် Hassan Nasrallah ဖြစ်သည်ဟု အမည်မဖော်လိုသည့် အစ္စရေးနှင့် အမေရိကန် တာဝန်ရှိသူများက ပြောကြားခဲ့သည်။ Nasrallah အသတ်ခံရခြင်း ရှိ၊ မရှိ ချက်ခြင်း မသိရသေးပါ။

ဗုံးပေါက်ကွဲမှုကြောင့် ဟစ်ဇ်ဘိုလာများ ကြီးစိုးရာ ဘေရွတ်မြို့တောင်ဘက် လူစည်ကားသော ရပ်ကွက်အုပ်စုဖြစ်သည့် ဒါဟီယာရှိ လူနေ အဆောက်အအုံ လေးခုမှ ခြောက်ခုကို ဗုံးခွဲမှု အပြီးတိုင် ပျက်ဆီးသွားခဲ့ကြောင်း လက်ဘနွန် ကျန်းမာရေးဝန်ကြီးက ပြောကြားခဲ့သည်။ အနည်းဆုံး လူနှစ်ဦးသေဆုံးပြီး ၇၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသော်လည်း အခြားအပျက်အစီးများအောက်တွင် ပိတ်မိနေခြင်းကြောင့် သေဆုံးသူဦးရေ တိုးလာဖွယ်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ဂါဇာကမ်းမြောင်နှင့် လက်ဘနွန်ရှိ စစ်ပွဲများကို ဆက်တိုက်ရမည်ဟု ဆင်ခြေများ ပေးခဲ့ပြီး၊ အပစ်အခတ်ရပ်စဲရန် နိုင်ငံတကာက တောင်းဆိုထားသော်လည်း ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ကတိပြုပြီးနောက် ယခုတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဖလော်ရီဒါပြည်နယ် ဒက်ကလီကမ်းခြေရှိ နေအိမ်များကို ဟာရီကိန်း ဟာရီကိန်း ဟယ်လင် ဝင်ရောက် တိုက်ခတ်နေပြီ ဖြစ်သည်။

ဟာရီကိန်း ဟာရီကိန်း ဟယ်လင် သည် အရှေ့ တောင် ပိုင်း နေရာ အနှံ့ အပြား ကို ဖျက်ဆီး ခဲ့သည်။

Helene သည် အားကောင်းသော အမျိုးအစား အဆင့်လေး မုန်တိုင်းအဖြစ် နေ့ချင်းညချင်း ကမ်းပေါ်သို့ ချည်းကပ်လာပြီး သစ်ပင်များ ဖြိုလဲသည့် လေပြင်းများ တိုက်ခတ်ကာ အရှေ့တောင်ဘက် အများအပြားကို ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်စေခဲ့သည်။ ပြည်နယ်လေးခုတွင် အနည်းဆုံး လူ ၄၁ ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသော်လည်း သေဆုံးသူဦးရေ တိုးလာဖွယ်ရှိကြောင်း သိရသည်။

မုန်တိုင်းသည် ဖလော်ရီဒါတောင်ပိုင်းမှ Appalachia တောင်တန်းများအထိ ပျက်စီးမှု သက်ရောက်သွားခဲ့သည်။ လူနေထူထပ်သော Tampa ပင်လယ်အော်ဒေသတွင်၊ ရပ်ကွက်များသည် ရေအောက်၊ ဂျော်ဂျီယာတောင်ပိုင်းတွင် ရှာဖွေရေးအဖွဲ့များသည် ပျက်စီးနေသော အဆောက်အအုံများထဲမှ ပိတ်မိနေသူများကို ကယ်ထုတ်ခဲ့သည်။ မြောက်ကယ်ရိုလိုင်းနားတွင် လူနှစ်သန်းကျော်သည် ရေလွှမ်းမိုးမှုသတိပေးချက်အောက်တွင် ရှိနေသည်။

ဒုသမ္မတ Kamala Harris သည် သူမ၏မဲဆွယ်စည်းရုံးမှုစတင်ချိန်မှစ၍ ၎င်း၏ မက္ကစီကိုနယ်စပ်သို့ ပထမဆုံးလာရောက်လည်ပတ်မည်ဖြစ်ပြီး 2021 ခုနှစ်နောက်ပိုင်း ပထမဆုံးဖြစ်သည်။ ယခုညနှောင်းပိုင်းတွင်၊ Kamala Harris သည် တရားမဝင်နိင်ငံဖြတ်ကျော်ဝင်ရောက်မှုများအရေးအခင်းကို မူလဇစ်မြစ်ကို ဖြေရှင်းရန် သမ္မတ Biden က ပေးအပ်သည့်တာဝန်ကို ၂၀၂၁ ခုနှစ်မှစ၍ ထမ်းဆောင်နေသော်လည်း နိုင်ငံတောင်ပိုင်းနယ်စပ်သို့ ၎င်း၏ပထမဆုံးအကြိမ် လာရောက်လည်ပတ်မည်ဖြစ်သည်။ သူမသည် Ariz. Douglas တွင်မိန့်ခွန်းပြောရန် စီစဉ်ထားသည်ဟု ဆိုသည်။

သူမသည် သူမ၏ နိုင်ငံ၏လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြသနာများကို ဖြေရှင်းနိုင်ကြောင်း သက်သေပြရန် ကြိုးစားရန် အားထုတ်လာပုံ ရသည်။ အဆိုပါခရီးစဉ်သည် ဟားရစ်အပေါ်လူထုစစ်တမ်းများက ပြဆိုနေသော သူမအတွက် အဓိကအားနည်းချက် နယ်စပ်ပြဿနာကို တိုက်ရိုက်ရင်ဆိုင်ရန် ကြိုးပမ်းမှုဖြစ်သည်။

မဲဆွယ်စည်းရုံးရေးလမ်းကြောင်းပေါ်ကနေ သမ္မတရွေးကောက်ပွဲကျင်းပရန် ၃၉ ရက်သာ လိုတော့သည်။

အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်၏ မဲဆွယ်စည်းရုံးမှုမှတ်တမ်းများကို အွန်လိုင်းကနေဖောက်ထွင်းရန် ကျုးလွန်သည့် အီရန်နိုင်ငံသားသုံးဦးကို စွဲချက်တင်ထားသည်။

မန်ဟက်တန်ရှိ မြို့တော်ဝန် Eric Adams ကို အက်ဖ်ဘီအိုင်က လာဘ်စားမှုဖြင့် စွဲချက်တင်ထားပြီး ယနေ့ ရုံးသို့ ဆင့်ခေါ်စစ်ဆေးပြီးနောက် Eric Adams က အပြစ်မရှိကြောင်း ခုခံချေပခဲ့သည်။ ယနေ့မွန်းလွဲပိုင်းတွင် မန်ဟက်တန်အောက်ပိုင်းတရားခွင်တစ်ခုအတွင်း၊ နယူးယောက်စီးတီးမြို့တော်ဝန် အဲရစ်အဒမ်သည် လာဘ်ပေးလာဘ်ယူမှု၊ လိမ်လည်မှုနှင့် တရားမဝင်နိုင်ငံခြားကမ်ပိန်းအလှူငွေများ တောင်းခံမှုတို့အတွက် အပြစ်မရှိကြောင်း ငြင်းဆိုချေပခဲ့သည်။

New York ၏ နိုင်ငံရေးကစားသမားများက နောက်ဘာဆက်ဖြစ်မည်ကို ငြင်းခုံနေကြဆဲဖြစ်သည်။ မန်ဟက်တန်ကိုယ်စားပြု ကွန်ဂရက်လွှတ်တော်အမတ် Jerrold Nadler သည် Adams ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုနေသည့် ဒီမိုကရက်တစ်ပါတီအုပ်စုဝင်နှင့် သဘောတူကြောင်း ထုတ်ဖော်လိုက်သည်။

သို့သော် မြို့တော်ဝန်ကို ဖယ်ရှားနိုင်သည့် အခွင့်အာဏာရှိသည့် ပြည်နယ်၏ ဂါဗနာ – အုပ်ချုပ်ရေးမှူး Kathy Hochul က Adams သည် “သင့်လျော်သော ဆုံးဖြတ်ချက် သူ့ဖာသာသူ ရှာတွေ့လ်ိမ့်မည် ဟု မှတ်ချက်ပေးခဲ့သည်။

ယူကရိန်း- သမ္မတ Volodymyr Zelensky သည် ဒုတိယအကြိမ်မြောက် Trump သမ္မတအရွေးခံခံ့ရသည်ဆိုပါက ရုရှားကို တိုက်ခိုက်နေသည့် ယူကရိန်းအပေါ် အမေရိကန်ထောက်ခံမှုကို အဆုံးသတ်ပစ်လိမ့်မည်ကို စိုးရိမ်မှုများကို အခြေခံပြီး ထရန့်နဲ့ သွားရောက်တွေ့ဆုံခဲ့သည်ဟု သတင်းများက ဆိုသည်။

စီးပွားရေး- အမေရိကန်၏ ငွေကြေးဖောင်းပွမှုမှာ ဩဂုတ်လတွင် ကျဆင်းနေ့ပြီး ၎င်းအား ထိန်းချုပ်နိုင်နေ့ပြီဟု ဗဟိုငွေကြေးရန်ပုံငွေအဖွဲ့က ထုတ်ပြန်ထားသည်။

ဂျပန်- အုပ်ချုပ်ရေးပါတီက အသက် ၆၇ နှစ်ရှိ Shigeru Ishiba ကို လာမည့် ၀န်ကြီးချုပ်အဖြစ် ရွေးချယ်ခဲ့သည်။

ကျန်းမာရေး- Missouri ပြည်နယ်တွင် ကြက်ငှက်တုပ်ကွေး ကူးစက်မှု ဖြစ်နေပြီး အကူးခံရသူ လူ ရှစ်ဦးအထိ တိုးလာခဲ့သည်။

Elon Musk – X တွစ်တာ၏ ပိုင်ရှင် အီလွန်မက်စ်သည် ပြီးခဲ့သည့် သီတင်းပတ်က ပို့စ် 171 ခု ကိုယ်တိုင် ရေးတင်ခဲ့သည့်အနက် သုံးပုံတစ်ပုံနီးပါးသည် အမှားအယွင်းများ လုပ်ကြံမှုများ ဖြစ်ကြောင်း Times ၏ သုံးသပ်ချက်တစ်ခုအရ သိရသည်။

Maggie Smith ကွယ်လွန်ခြင်း- သူမ၏မျိုးဆက်များတွင် အကောင်းဆုံး မင်းသမီး၊ ဗြိတိသျှဇာတ်ခုံနှင့်ဖန်သားပြင်သရုပ်ဆောင်များထဲမှ နာမည်ကြီးသူ တစ်ဦးဖြစ်သည့် Maggie Smith သည် ယနေ့တွင် အသက် 89 နှစ်တွင် ကွယ်လွန်သွားခဲ့သည်။ သူမသည် “The Prime of Miss Jean Brodie” နှင့် “California Suite” တို့တွင် ပါဝင်သရုပ်ဆောင်ခဲ့သောကြောင့် အကယ်ဒမီထူးချွန်ဆုများရရှိခဲ့ပြီး သူမ၏ အသက် ၇၀ ပိုင်းတွင် megastar ဖြစ်လာခဲ့သည်။ “Downton Abbey” တွင် တော်ဝင်မင်းသမီးကြီးအဖြစ် ပိုမိုအောင်မြင်ခဲ့သည်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar





Source link

Post a Comment

Previous Post Next Post